အခုတခေါက်လုပ်စားဖြစ်တာကတော့ ကော်ပြန့်စိမ်း လို လုပ်စားလို့ရတဲ့ ဗီယက်နမ်အစားအစာတစ်မျိုးဖြစ်တဲ့ Vietnamese Spring Roll ပဲဖြစ်ပါတယ်။ မိမိနှစ်သက်ရာအသား၊အရွက်၊အချဉ်ရည်တစ်မျိုးမျိုးနဲ့လည်းတွဲဖက်စားသုံးလို့ရပါတယ်။
နောက်တစ်ခေါက်လုပ်စားရင်ပြန်ကြည့်လို့ရအောင် မှတ်သားထားလိုက်ပါတယ်။
ပါဝင်သောအမယ်များ
အမဲသား(သို့မဟုတ်)၀က်သား အရွယ်တော် ၅ တုံး
ပုဇွန် ၄၀၀ ဂရမ်
မုန့်ဟင်းခါးဖက် ဟင်းစားပန်းကန်လုံး တစ်လုံး
ကော်ပြန့်ရွက် အ၀ိုင်း၂၀
ဆလပ်ရွက် အရွက်၂၀
ခါကြက်ဥ၊ ကြူဆိုင်၊ သခွားသီး ရှည်ရှည်လေးတွေလှီးထား
ပြုလုပ်ပုံ
အမဲသားအတုံးလေးများကို ရေနွေးဆူဆူမှာ ဆားအနည်းငယ်ဖြင့်ကျက်အောင်ပြုတ်ပါ။ ပုဇွန် ကို လည်းပြုတ်ပြီး အခွန်နွှာ သန့်ရှင်းပြီးတ၀က်လေးများခြမ်းထားပါ။မုန့်ဟင်းခါးဖတ်ကို လည်းစားလို့ရသောအနေအထားရအောင်ပြုတ်ထားပါ။ ဟင်းသီးဟင်းရွက်တွေကိုသန့်စင်အောင်ဆေးကြောပြီးအရှည်လေးများလှီးထားပါ။
ရေနွေးနွေးကို အ၀ကျယ်ဇလုံမှာထည့်ပြီး ကော်ပြန့်ရွက်အခြောက်တစ်ရွက်ကို ထိုရေနွေးထဲခဏထည့်စိမ်ပြီး ရေစွတ်သလိုစွတ်ပြီးပျော့အောင်လုပ်လိုက်ပါမယ်
ပန်းကန်ပြားတစ်ချပ်မှာခင်းပြီး အဆာများစီတန်းထည့်ပြီး ကော်ပြန့်လိပ် လိပ်သလိုလိမ့်လိုက်မယ်ဆိုရင် ရပါပြီ။မိမိနှစ်သက်ရာအချဉ်ရည်လေးနဲ့တို့တို့ပြီးတော့စားရင်သိပ်ကောင်းပေါ့နော်။
No comments:
Post a Comment