အခုတခေါက်လုပ်စားဖြစ်တာကတော့ ကော်ပြန့်စိမ်း လို လုပ်စားလို့ရတဲ့ ဗီယက်နမ်အစားအစာတစ်မျိုးဖြစ်တဲ့ Vietnamese Spring Roll ပဲဖြစ်ပါတယ်။ မိမိနှစ်သက်ရာအသား၊အရွက်၊အချဉ်ရည်တစ်မျိုးမျိုးနဲ့လည်းတွဲဖက်စားသုံးလို့ရပါတယ်။
နောက်တစ်ခေါက်လုပ်စားရင်ပြန်ကြည့်လို့ရအောင် မှတ်သားထားလိုက်ပါတယ်။
ပါဝင်သောအမယ်များ
အမဲသား(သို့မဟုတ်)၀က်သား အရွယ်တော် ၅ တုံး
ပုဇွန် ၄၀၀ ဂရမ်
မုန့်ဟင်းခါးဖက် ဟင်းစားပန်းကန်လုံး တစ်လုံး
ကော်ပြန့်ရွက် အ၀ိုင်း၂၀
ဆလပ်ရွက် အရွက်၂၀
ခါကြက်ဥ၊ ကြူဆိုင်၊ သခွားသီး ရှည်ရှည်လေးတွေလှီးထား
ပြုလုပ်ပုံ
အမဲသားအတုံးလေးများကို ရေနွေးဆူဆူမှာ ဆားအနည်းငယ်ဖြင့်ကျက်အောင်ပြုတ်ပါ။ ပုဇွန် ကို လည်းပြုတ်ပြီး အခွန်နွှာ သန့်ရှင်းပြီးတ၀က်လေးများခြမ်းထားပါ။မုန့်ဟင်းခါးဖတ်ကို လည်းစားလို့ရသောအနေအထားရအောင်ပြုတ်ထားပါ။ ဟင်းသီးဟင်းရွက်တွေကိုသန့်စင်အောင်ဆေးကြောပြီးအရှည်လေးများလှီးထားပါ။
ရေနွေးနွေးကို အ၀ကျယ်ဇလုံမှာထည့်ပြီး ကော်ပြန့်ရွက်အခြောက်တစ်ရွက်ကို ထိုရေနွေးထဲခဏထည့်စိမ်ပြီး ရေစွတ်သလိုစွတ်ပြီးပျော့အောင်လုပ်လိုက်ပါမယ်
ပန်းကန်ပြားတစ်ချပ်မှာခင်းပြီး အဆာများစီတန်းထည့်ပြီး ကော်ပြန့်လိပ် လိပ်သလိုလိမ့်လိုက်မယ်ဆိုရင် ရပါပြီ။မိမိနှစ်သက်ရာအချဉ်ရည်လေးနဲ့တို့တို့ပြီးတော့စားရင်သိပ်ကောင်းပေါ့နော်။
Monday, 23 September 2013
Sunday, 22 September 2013
လိုအပ်တာတွေကတော့
ဝက်သားကြိတ်သား ၅၀၀ဂ၇မ်
ဝက်ခေါက် အနည်းငယ်
ကြက်သွန်ဖြူ ၁၅မွှာ
ဆား ၁ဇွန်းခွဲ
သကြား ဇွန်းဝက်
ထမင်းဖြူ အနည်းငယ်
ငရုတ်သီး ၈တောင့်
လုပ်နည်း
၀က်သားချဉ် (ထိုင်းနည်း) ဘလော့လေးကို ၀က်သားချဉ် လုပ်နည်းလေးနဲ့စလိုက်ပါတယ်။ ၀က်သားကြိတ်သားတွေ ၀ယ်ထားတာ များနေတဲ့အခါ လုပ်စားလို့ရအောင် လုပ်နည်းလေးမှတ်သားထားတဲ့သဘောပါ။ အချိန် ၄ရက်လောက်နဲ့ အိမ်လုပ်သန့်ရှင်းလတ်ဆပ်တဲ့ ၀က်သားချဉ်ကိုရမှာပါ။ သဘာဝနည်းနဲ့အချဉ်ခံတဲ့နည်းလေးလည်းဖြစ်ပါတယ်။ လိုအပ်တာတွေကတော့ ၀က်သားကြိတ်သား ၅၀၀ဂရမ် ၀က်ခေါက် အနည်းငယ် ကြက်သွန်ဖြူ ၁၅မွှာ ဆား ၁ဇွန်းခွဲ သကြား ဇွန်းဝက် ထမင်းဖြူ အနည်းငယ် ငရုတ်သီး ၈တောင့် လုပ်နည်း ၀က်ခေါက်ကိုရေစင်စင်ဆေးပြီး ရေနွေးမှာ ထည့်ပြုတ်ပါ။ လှီးလို့လွယ်ကူမယ့်အနေအထားမှာ အအေးခံပြီး ပါးပါးရှည်ရှည်လေးလှီးထားပါ။ ကြက်သွန်ဖြူကို ကြိတ်ထားပြီး ငရုတ်သီးစိမ်းများကို ပါးပါးလှီးထားပါ။ အဝကျယ် ဇလုံထဲ ၀က်သားကြိတ်သား၊ ၀က်ခေါက်၊ ကြက်သွန်ဖြူ၊ဆား၊သကြား၊ထမင်းဖြူ၊ငရုတ်သီးစိမ်း အားလုံးရောထည့်ပြီး လက်အိတ်သုံးပြီးနယ်ပါ။ လေလုံဘူး (သို့မဟုတ်) Plastic wrap နဲ့ လေလုံအောင်ထုပ်ပြီး အခန်းအပူချိန်မှာ ၃၊၄ ရက်ထားပြီးပါက အိမ်လုပ်ဝက်သားချဉ်လေးရပါပြီ။ ရေခဲသေတ္ဘ္တာထဲပြောင်းထည့်ပြီး သုတ်ပဲစားစား၊ ထမင်းနဲ့ကြော်ပြီးပဲစားစား အရသာရှိတဲ့ ၀က်သားချဉ်ကိုရပါတယ်။ ...

Subscribe to:
Posts (Atom)